This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, June 3, 2013

ဗြိတိသျှ ကာကွယ်ရေး ဦးစီးချုပ် မြန်မာပြည်သို့ ရောက်ရှိ

ဗြိတိသျှ ကာကွယ်ရေး ဦးစီးချုပ် မြန်မာပြည်သို့ ရောက်ရှိ



လင်းသန့်

ဗြိတိသျှ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ် (Sir David Richards) သည် မြန်မာနိုင်ငံသို့ ၂ ရက်တာ ခရီးစဉ်အဖြစ် ယမန်နေ့ညနေက စတင်ရောက်ရှိနေပြီ ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ်၏ မြန်မာနိုင်ငံ ခရီးစဉ်သည် ၁၉၆၂ ခုနှစ် ဦးနေ၀င်းက တိုင်းပြည်အာဏာ သိမ်းပြီးနောက်ပိုင်း ဗြိတိသျှ စစ်တပ်အကြီးအကဲ တဦး၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ်နှင့် ဇနီးတို့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ် ဇာနည်ဝင်း၊ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင်၊ မင်္ဂလာဒုံ လေတပ် စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Mr.Andrew Heyn နှင့် စစ်သံမှူးတို့က ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းဌာနက ဖော်ပြသည်။

ဗြိတိသျှ တပ်မတော်အနေဖြင့် မြန်မာနိုင်ငံတွင် တော်လှန်ရေး ကောင်စီအစိုးရ တဖြစ်လဲ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ အစိုးရ၊ န.၀.တ၊ န.အ.ဖ စစ်အစိုးရများ လက်ထက်က မြန်မာနိုင်ငံနှင့် တပ်မတော်ချင်း ဆက်ဆံရေး မရှိခဲ့ပေ။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာပြီးနောက် ၂ နှစ်ကျော် ကာလအတွင်း အနောက်နိုင်ငံများနှင့် ဆက်ဆံရေး လမ်းပွင့်ခဲ့ပြီး ပိတ်ဆို့ အရေးယူမှုများလည်း တဆင့်စီ ဖြေလျှော့ပေးခဲ့သည်။

ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ် တိုးတက်မှုများ ရှိလာသည့် နောက်ပိုင်း ဗြိတိန်အစိုးရက မြန်မာအစိုးရနှင့် နိုင်ငံရေးအရ ထိတွေ့ဆက်ဆံမှုကို မြှင့်တင်လာခဲ့သကဲ့သို့ စစ်သားချင်း ဆက်ဆံရေးကို ပြန်လည် စတင်လိုက်ခြင်း ဖြစ်သည့်အတွက် အရေးကြီးသည့် ခရီးစဉ်အဖြစ် လေ့လာစောင့်ကြည့်သူများက ပြောဆိုကြသည်။

ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ်သည် လာမည့်လတွင် တပ်မတော် အကြီးအကဲတာဝန်မှ အနားယူမည်ဖြစ်ပြီး သူ၏နေရာအား ဗိုလ်ချုပ်ကြီး နီကိုလပ်စ် ဟူတန်က ဆက်ခံမည်ဖြစ်ကြောင်း သိရသည်။

ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာပြီး နောက်ပိုင်း ဗြိတိန်တပ်မတော် အနေဖြင့်လည်း မြန်မာ့တပ်မတော်နှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံခြင်း ရှိလာသကဲ့သို့ အမေရိကန် ပြည်ထောင်စုကလည်း မြန်မာ့တပ်မတော်နှင့် စပ်တပ်ခြင်း ထိတွေ့ဆက်ဆံမှုကို စတင်လာခဲ့သည်။

မကြာသေးမီက နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး သိပ္ပံက စင်ကာပူနိုင်ငံ၌ စီစဉ်ကျင်းပခဲ့သော ရှန်ဂရီလာ ဒိုင်ယာလော့ဂ် (Shangri-La Dialogue) နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွင် အမေရိကန် ကာကွယ်ရေး ၀န်ကြီး Mr. Chuck Hagel က မြန်မာ့ အပြောင်းအလဲများအပေါ် မြန်မာ့တပ်မတော်က အခိုင်အမာ ထောက်ခံရန်နှင့် လူ့အခွင့်အရေး လေးစားရန်၊ အရပ်သား အစိုးရ၏ အားထားရသော စစ်တပ်ဖြစ်စေရေးတို့ကို ရည်ရွယ်ကာ စစ်တပ်ချင်း ဆက်ဆံရေးကို စတင်ပြီဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်ဟု သိရသည်။

အမေရိကန်၏ အာရှဗဟိုပြု မဟာဗျူဟာအရ အာရှဒေသအနာဂတ် လုံခြုံရေး၊ ငြိမ်းချမ်းရေးတို့ကို အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးကို အမေရိကန်က အိမ်ရှင်အဖြစ် ပထမဆုံး ကျင်းပမည် ဖြစ်ပြီး အဆိုပါ အစည်းအဝေးသို့လည်း အာဆီယံဒေသ ကာကွယ်ရေး ၀န်ကြီးများကို ဖိတ်ကြားကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောသည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ကာကွယ်ရေး ၀န်ကြီးများ၊ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ၊ အစိုးရ ထိပ်တန်း တာဝန်ရှိသူများ တက်ရောက်ခဲ့သည့် ရှန်ဂရီလာ ဆွေးနွေးပွဲကို မေလ ၃၁ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ စင်ကာပူ နိုင်ငံတွင် ကျင်းပခဲ့ရာ ကာကွယ်ရေးဆိုင်ရာ သံတမန်ဆက်ဆံရေးနှင့် ပဋိပက္ခ တားဆီးနှိမ်နင်းရေးဟူသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံမှ ဒု ကာကွယ်ရေး ၀န်ကြီး ဗိုလ်မှူးချုပ် အောင်သော်က ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်အတွင်း သမ္မတ အိုဘားမားနှင့် ဆွေးနွေးရာတွင် မြန်မာ စစ်ဘက်နှင့် လုံခြုံရေး အရာရှိများကို အမေရိကန်မှ လေ့ကျင့်သင်ကြားပေးရေး ကိစ္စတို့လည်း ပါဝင်ခဲ့သည်။

မြန်မာ့အရေး လှုပ်ရှားသူများက မြန်မာစစ်တပ်နှင့် လုံခြုံရေး တပ်ဖွဲ့များအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်လျက်ရှိနေသေးကြောင်း၊ ပဋိပက္ခများကို ကိုင်တွယ်ရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် မညီဘဲ အင်အားသုံး ဖြေရှင်းမှုများ ရှိနေကြောင်း ထောက်ပြကြသည်။

သို့အတွက် အမေရိကန်နှင့် ဗြိတိန်နိုင်ငံကြီးများ၏ စစ်တပ်များ အနေဖြင့် မြန်မာစစ်တပ်အား လူ့အခွင့်အရေးကို လေးစားသည့် တပ်မတော်၊ ဒီမိုကရေစီကို ကာကွယ်သည့် တပ်မတော်ဖြစ်ရေး လုပ်ဆောင်ခြင်းသည် ကောင်းမွန်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ဦးကိုကိုကြီးက ဧရာဝတီကို ပြောသည်။

“သမ္မတ အိုဘားမား လာတုန်းက ကျနော် သီးခြားတွေ့စဉ် ပြောဖြစ်တာက အစိုးရချင်း ဆက်ဆံရေးတင်မကဘဲ မြန်မာ စစ်တပ်ကိုလည်း ဆက်ဆံဖို့နဲ့ မြန်မာ့တပ်မတော်ကို တကယ့် တပ်မတော် စစ်စစ်ဖြစ်လာဖို့၊ လူ့အခွင့်အရေး လေးစားဖို့၊ ဒီမိုကရေစီ ကာကွယ်နိုင်ဖို့တွေ မျှဝေ လေ့ကျင့်ပေးသင့်တယ်လို့ အကြံပြုခဲ့သေးတယ်” ဟု ဦးကိုကိုကြီးက ဆိုသည်။

အရာရှိတွေ၊ သူကြွယ်တွေရဲ့ နဝရတ်လက်စွပ်


Monday, June 3, 2013



နဝရတ်လက်စွပ်မှာ ရတနာ ၉ မျိုး ပါဝင်ပါတယ်။

ရတနာ ၉ မျိုးရဲ့ အစွမ်းကို မဏိသျှတ္တရကျမ်းမှာ အခုလို ဖွင့်ဆိုထားပါတယ် တဲ့။



ပတ္တမြားဘုန်းတောက်၊ မြကျောက်အေးချမ်း၊ စိန်စွမ်းဂုဏ်ရောင်၊ ကြောင်ကားသိဒ္ဓိ၊ မဏိနီလာ မေတ္တာချုပ်ကဲ၊ ဂေါ်မိတ်ခွန်အား၊ ဥဿဖယား ကျန်းမာ၊ သန္တာကြီးကဲ၊ ပုလဲကျက်သရေ၊ ဂုဏ်ကိုးဝေသည်၊ ကိုးထွေန၀ရတ် စွမ်းရည်တည်း။

ဒီလက်စွပ် အစွမ်းထက်ရေးအတွက် ဗေဒ ဆရာကဝိတို့ရဲ့ အစီအရင်တွေ လိုအပ်တယ်လို့လည်း ဆိုကြပါတယ်။

ဘုရင်တွေခေတ်ကတော့ န၀ရတ်လက်စွပ်ကို ဘုရင်တွေ၊ တော်ဝင်မိသားစုဝင်တွေ၊ နန်းတွင်းအရာရှိတွေ ဝတ်ကြဆင်ကြတယ် လို့လည်း ဆိုကြပါတယ်။

ဒီနေ့ခေတ်က ဘုရင်အုပ်ချုပ်တဲ့ခေတ် မဟုတ်သော်ငြားလည်း တတ်နိုင်သူတွေက ဝယ်ဝတ်ကြတာ တွေ့ရမှာပါ။

န၀ရတ်လက်စွပ်စီရင်နည်းကို ဧရာဝတီဘလော့  http://blog.irrawaddy.org/2012/06/blog-post_5034.html မှာ ဖော်ပြခဲ့ပြီးပါပြီ။

Khusboo ဆိုတဲ့ အိန္ဒိယမင်းသမီး၊ ရုပ်မြင်သံကြား နိုင်ငံရေးကဏ္ဍတင်ဆက်သူကလည်း နဝရတ်ဆွဲသီးနဲ့ပါပဲ။ နဝရတ် ၉ ပါး တန်ခိုးကြောင့် အောင်မြင်မှု ရတာလည်း ဖြစ်နိုင်ပါတယ်။

ဒီ ဈေးကြီးတဲ့ ဂမ္ဘီရအလှအပဟာ ဘယ်ဒေသက အစပြုတဲ့ ဓလေ့လည်း မသိရပါ။
အွန်လိုင်းမှာ နည်းနည်းပါးပါး ကြည့်လိုက်တော့  န၀ရတ် ၉ မျိုးပါ ရတနာပစ္စည်း ဝတ်ဆင်တဲ့ ဓလေ့က တောင်အာရှဒေသမှာလည်း ထွန်းကားပါတယ် တဲ့။

အင်တာနက်မှာမြင်ရတဲ့ပုံတွေမှာတော့ နဝရတ်ကိုးသွယ်ကို လက်စွပ်အဖြစ်သာမက အဆောင်ပစ္စည်းသဘောမျိုး သုံးကြပုံပါပဲ။

နဝရတ်လက်စွပ်ကို မြန်မာပြည်မှာ စီရင်ကြသလို ရွှေနဲ့ မဟုတ်ဘဲ ငွေနဲ့ လုပ်ထားတာလည်း တွေ့ရမှာပါ။  ဘယ်သတ္ထုက ပိုမို အစွမ်းထက်တယ် ဆိုတာတော့ မသိရပါ။

နဝရတ်ကိုးပါးလက်စွပ်ကို အွန်လိုင်းမှာ ဈေးနှုန်း စုံစမ်းကြည့်တော့ ဒေါ်လာ ၉ဝဝ ဆိုတာ တကွင်း တွေ့ပါတယ်။ မြန်မာငွေ ဆယ်သိန်း မကျော်ဘူး ဆိုတော့ တန်ဘိုးနည်းလက်စွပ် သို့မဟုတ် အရည်အသွေးသိပ်မထက်တဲ့ လက်စွပ် ဖြစ်ပါလိမ့်မယ်။

မြန်မာပြည်မှာတော့ ဒီလို ရတနာ/အဆောင်ပစ္စည်းတွေကို ဥစ္စာကြွယ်ဝသူတွေ၊ ၀င်ငွေကောင်းသူတွေ၊ ထိပ်တန်းအရာရှိကြီးတွေ ဝတ်ဆင်ကြမယ်လို့ ထင်ပါတယ်။

နဝရတ်ကိုးသွယ်အစွမ်းကို သူဌေးသူကြွယ်တွေ အရာရှိတွေ ပိုယုံကြည်ကြတယ်လို့ ပြောနိုင်သလို ဒီ

ရတနာ/အဆောင်ပစ္စည်းက သူတို့ရဲ့ အဆင်တန်ဆာတခုဖြစ်တယ်လို့လည်း ပြောနိုင်မယ် ထင်ပါတယ်။


.

အွန်လိုင်းကနေ ဖုန်းငွေဖြည့်မယ်...



လူကြီးမင်းတို့၏ GSM, WCDMA, CDMA 800 Mhz, CDMA 450 Mhz ဖုန်းများသို့ Online မှတဆင့် လျင်မြန်စွာ တိုက်ရိုက် ငွေဖြည့်သွင်းနိုင်ပါသည်။

How to Top Up

၁။ လူကြီးမင်းလိုအပ်သော Mobile ဖုန်းငွေဖြည့်ကဒ် အမျိုးအစားအား ရွေးချယ်ပါ။
၂။ ထိုနောက် လူကြီးမင်း၏ Mobile ဖုန်းနံပါတ်အား အောက်ပါအတိုင်း ထည့်သွင်းပေးပါ။

သတိပြုရန်….
- Country Code “+95″ ထည့်သွင်းရန် မလိုပါ။
- ဖုန်းနံပါတ်များကြားတွင် Space ထည့်ရေးရန် မလိုပါ။
- “09″ အပါအ၀င် ဖုန်းနံပါတ်အား အပြည့်အစုံထည့်သွင်းပေးရန်… (eg.. 095161719)
၃။ လူကြီးမင်း၏ Mobile ဖုန်းနံပါတ်အား ထည့်သွင်းပြီးပါက “Top Up Now” Button ကို နှိပ်ပေးပါ။
၎။ ငွေပေးချေမှု ပြုလုပ်ရမည် အဆင့်သို့ ရောက်ရှိသွားပါလိမ့်မည်။ လူကြီးမင်း ရွေးချယ်သော ငွေဖြည့်ကဒ်အမျိုးအစား နှင့်    Mobile ဖုန်းနံပါတ်အား သေချာစွာ ထပ်မံစစ်ဆေးပါ။

၅။ ထို့နောက် လူကြီးမင်း၏ Online Payment စနစ်အတွင်းသို့ ၀င်ရောက်၍ ငွေပေးချေမှု ပြုလုပ်နိုင်ရန်    အဆင့်ဆင့်ဆောင်ရွက်ပေးပါ။

၆။ Online Payment စနစ်မှ ငွေပေးချေရန် စီစဉ်ပြီးပါက “Pay Now” Button ကို နှိပ်၍ ငွေပေးချေခြင်းကို    အတည်ပြုပေးပါ။

၇။ အထက်ပါအတိုင်း ငွေပေးချေမှုလုပ်ငန်းစဉ်များ ပြုလုပ်ပြီးစီးပါက ခေတ္တစောင့်ဆိုင်းပေးပါ။
၈။ လူကြီးမင်း၏ Mobile ဖုန်းသို့ ဖြည့်သွင်းလိုက်သော ငွေပမာဏ ၀င်ရောက်လာပါလိမ့်မည်။

၉။ လူကြီးမင်း၏ Mobile ဖုန်းသို့ ဖြည့်သွင်းလိုက်သော Top-up Card ၏ အချက်အလက်များကိုလည်း
အောက်ပါအတိုင်း မြင်တွေ့ရပါလိမ့်မည်။
ထို Top-up Card ၏ အချက်အလက်များကို လူကြီးမင်း၏ Email ထံသို့လည်း ရောက်ရှိလာပါလိမ့်မည်။

မှတ်ချက် ။ တစ်ခါတစ်ရံတွင် Mobile ဖုန်းလိုင်းများ လိုင်းကျပ်၍သော်လည်းကောင်း၊ လူကြီးမင်းသည် ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိနေ၍သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လူကြီးမင်း၏ Mobile ဖုန်းသို့ topup.com.mmm မှ တိုက်ရိုက် ငွေဖြည့်သွင်း၍ မရခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ ထိုအခါမျိုးတွင် လူကြီးမင်းအနေဖြင့်
Website တွင် ဖော်ပြထားသော (သို့) Email သို့ ရောက်ရှိလာသော Top-up Card အချက်အလက်ကို ကိုယ်တိုင် အသုံးပြု၍ ငွေဖြည့်သွင်းပေးရပါမည်။
https://www.topup.com.mm/ အဲဒီဆိုဒ်ထဲကိုဝင်ရောက်လေ့လာပါ ဗျာ —– အဆင်ပြေပါစေ—

Credit : http://www.mmithelper.com/